အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း ကုသိုလ်ရှင်များမှာ
အရုဏ်ကြက်သားကြာဇံဟင်းခါး ကုသိုလ်ရှင်
ကိုအောင်နိုင်စိုး နှင့် ကိုမင်းနိုင်စိုး မိသားစု( တက္ကသိုလ်ရိပ်မွန်အိမ်ယာ၊ ရန်ကုန်)
မှ ဖြစ်ပြီး
နေ့ဆွမ်း ကုသိုလ်ရှင်မှာ
ဒေါ်ဌေးဌေး (တက္ကသိုလ်ရိပ်မွန်အိမ်ယာ၊ ရန်ကုန် ) ၏ ၈၁ နှစ်ပြည့် မွေးနေ့အလှူ
့ဖြစ်ပါတယ်။
နေ့ဆွမ်း အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သက်ရက်ချဉ်သုတ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့လှူဒါန်းခဲ့သော အလှူရှင်တို့ မိသားစု အားလုံး သံဃာတော်များအား ဆွမ်းတစ်နေ့တာ လုပ်ကျွေးပြုစုရသော ကုသိုလ်ကောင်းမှုကံစေတနာနှင့် လမ်းခင်းရခြင်းကုသိုလ်ကောင်းမှု တို့ကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ သာသနာအကျိုး ၊လောကအကျိုးများသယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်းမှဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

















အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ..





No comments:
Post a Comment