Monday, April 2, 2012

2.4.2012 တနင်္လာနေ့ ဆွမ်းလောင်းလှူခြင်း




















သာသနာတော်နှစ် ၂၅၅၅ ခုကောဇာသက္ကရာဇ် ၁၃၇၃ ခု တန်ခူးလဆန်း(၁၁)ရက် တနင်္လာနေ့ ၂.၄.၂၀၁၂

အရုဏ်ကြက်သား ကြာဇံဟင်းခါး ဆွမ်းကပ်လှူခြင်းနှင့် ဆပ်ပြာမှုန့် ကုသိုလ်ရှင်

မခင်ငြိမ်းချမ်းဦး( မလေးရှား) မှ ဖြစ်ပြီး

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်ကတော့

(၃.၄.၂၀၀၄)တွင် ကွယ်လွန်ခဲ့သော ဘိုးဘိုးဦးမောင်တင် အားရည်စူး၍
ကိုပြည်စိုးသော်+မခင်မာသန့်(စင်္ကာပူ)
တို့၏ ကောင်းမှု့ ဖြစ်ပါတယ်။

နေ့ဆွမ်းလောင်းလှူခြင်းတွင်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့အလှူရှင်များအားလုံး အစစအာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊လောကအကျိုး များသယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ဆုတောင်းတ္တောများပို့သလိုက်ပါသည်


အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

No comments: