
သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု နယုန်လဆန်း(၁၀)ရက် ၃၀.၅.၂၀၁၂ ဗုဒ္ဓဟူးနေ့
မငုဇာခိုင် (စင်္ကာပူ)မှမွေးနေ့ အလှူကိုသိုလ်ပြုပါသည်။
အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်းနှင့်
နေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ငါးကြော်
ပဲသီး+ကြက်ဥကြော်
ကုလားပဲနှပ်
ချဉ်ပေါင်+မျှစ်ကြော်
စသည့်ဟင်းလျာများဖြင့် လောင်းလှူကုသိုလ်ယူခဲ့ပါသည်။
ယနေ့အလှူရှင် မငုဇာခိုင် မွေးနေ့အခါသမယမှာ သံဃာတော်များအား ဆွမ်းလှူဒါန်းရသောကုသိုလ်ကောင်းမှုကံစေတနာ တို့ကြောင့် ဆွမ်းအကျိုးငါးပါးပြည့်စုံပြီးလျှင်
အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊လောကကောင်းကျိုးများသယ်ပိုးဆောင်ရွက်နိုင်ပါစေ။
သံဃာတော်များအရုဏ်ဆွမ်းဘုန်းပေးသုံးဆောင်ရာတွင် ရာသီဥတုဒဏ်မှ ကာကွယ်အဆင်ပြေစေရန်အတွက်
၁.ကွယ်လွန်သူ ဖခင်ကြီး ဦးဟန်မင်းအား ရည်စူး၍ ကိုနေမင်းသူ + မဝါဝါထွန်း ကောင်းမှု (အလှူငွေ -၁၅ သိန်း)
၂.ကွယ်လွန်သူ မိဘနှစ်ပါးဖြစ်သေား ဦးအေး+ဒေါ်စန်းစန်းလွင် အားရည်စူး၍ သားကြီး-ကိုဝင်းထွန်းလင်း နှင့် သားငယ်-ကိုအောင်ပြည့်စုံအေး (အလှူငွေ-၅သိန်း ) ကျပ်လှူဒါန်းခဲ့ကြပါသည်။





























